Your cart is currently empty!
အိုဘယ့်အစိမ်းတို့မြေ

ဒီစာအုပ်ကို လူတော်တော်များများသိကြမယ်ထင်ပါတယ်။ ဒီစာအုပ်မှာတော့စာရေးသူရဲ့ အတ္ထုပတ္တိ ဘ၀ဇာတ်ကြောင်းကတစ်ဆင့် ထိုခေတ်ကာလမြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပဒေါင်လူမျိုးတို့ရဲ့ ချစ်စရာပုံရိပ်တွေကို တွေ့နိုင်ပါတယ်။
ပထမဦးဆုံအနေနဲ့ကတော့မူရင်းစာရေးဆရာအကြောင်းကိုအနည်းငယ်ပြောပြချင်ပါတယ်။

စာရေးသူ Pascal Khoo Thwe ဟာ မြန်မာနိုင်ငံမှာမွေးပြီး မြန်မာနိုင်ငံမှာပဲ အထက်တန်းကို အောင်မြင်ခဲ့တဲ့ ပဒေါင်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ တက္ကသိုလ်တက်နေရင်းတန်းလန်းမှာပဲ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီးတော့ ကျောင်းကို ပြီးအောင်မတက်ခဲ့ရပါဘူး။ ဒီလိုနဲ့ နိုင်ငံလုံးအရေးအခင်းကြီးမှာ ပါ၀င်၊ တော်လှန်ရေးတပ်သားဖြစ်၊ ထိုင်းမြန်မာနယ်စပ်ဘက်ကိုတိမ်းရှောင်ရင်းနဲ့ပဲ ကမ္ဘာမှာ အကောင်းဆုံး၊ အဆင်မှီကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ ကိန်းဘရစ်ချ် တက္ကသိုလ်ကိုတက်ခွင့်ရခဲ့တဲ့သူဖြစ်ပါတယ်။
ဒီစာအုပ်ဟာမြန်မာနိုင်ငံသား၊ တိုင်းရင်းသားတစ်ယောက်က အင်္ဂလိပ်ဘာသာနဲ့ ကြိုးစားရေးသားထားတဲ့စာအုပ်တစ်အုပ်ပါ။ မြန်မာပြန်လဲရှိပါတယ်။ ဘာသာပြန်သူကတော့ သင့်လူဖြစ်ပါတယ်။
ဘာအကြောင်းတွေရေးထားသလဲ?
စာရေးသူဟာ သူ့ရဲ့ အကြောင်းနဲ့အတူ ပဒေါင်လူမျိုးရဲ့ ဓလေ့တွေ၊ ထုံးစံတွေ လှလှပပကို ခြယ်သဖွဲ့ဆိုထားပါတယ်။ ဖွဲ့ဆိုတယ်လို့ ပြောတာ ဘာလို့လဲဆိုတော့ စာရေးသားပုံကတစ်ခါတစ်လေမှာ ကဗျာဆန်လို့ပါ။
အရေးအသားကြောင့် အကြောင်းအရာတွေဟာ ပိုရုပ်လုံးပေါ်၊ ကြွတက်လာပါတယ်။
- ပဒေါင်လူမျိုးတို့ရဲ့ ဓလေ့ထုံးစံတွေ
- နိုင်ငံရေးအခြေအနေတွေ
- မူရင်းစာရေးသူရဲ့ ဘ၀ ဖြတ်သန်းခဲ့ရ ပုံတွေ
- အတွေးအမြင်တွေ စတာတွေကိုကဗျာလို တစ်မျိုး၊ သမိုင်းလို တစ်ခါ ကြိုးစားပြီးရေးသားထားတာပါ။ ဖတ်ရတာအင်မတန်ကိုကောင်းပါတယ်။
ဖတ်သင့်လား?
တကယ်ကို ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဖတ်ကို ဖတ်ထားသင့်တဲ့စာအုပ်တစ်အုပ်ပါ။ တိုင်းရင်းသားတွေတွေ့ကြုံခံစားခဲ့ရတဲ့ အရာတွေ၊ ရိုက်ခတ်မှုတွေ၊ ချစ်စရာဓလေ့တွေ ဒါတွေကို ထိထိမိမိ ခံစားနိုင်မှာပါ။
ဒီစာအုပ်ကို ဖတ်တဲ့အတွက် တိုင်းရင်းသားတွေအပေါ်မှာ မြင်တဲ့အမြင်တွေ ပြောင်းလဲလာနိုင်သလို ပိုပြီး နားလည်လာလိမ့်မယ်လို့ ထင်ပါတယ်။ အပျင်းပြေပဲဖြစ်ဖြစ်၊ အကြောင်းအရာကို သိချင်လို့ပဲ ဖြစ်ဖြစ် ဖတ်လို့ရပါတယ်။
2 responses to “အိုဘယ့်အစိမ်းတို့မြေ”
-
ဟုတ်ကဲ့ ဖတ်ပါ့မယ်ဗျ ။
-
kaung lyk dr byrr
Leave a Reply to james tintong Cancel reply